ကြည်ကြည်မာရဲ့ မျောက်မင်းစွင်းဝုခုန်း
ဒီစာအုပ်ကို ဖတ်ပြီး ဘယ်လို ခံစားရသလဲ ဆိုတော့ ဝုခုန်းရုပ်ရှင်ကားကို 3x speed ၃ဆ အမြန်နှုန်းနဲ့ ရစ်ကြည့်နေရသလိုပဲ။ ဒါလည်း ဘယ်သူ့ကိုမှ အပြစ်ဆိုစရာ မရှိပါဘူး။ မူရင်းစာအုပ်ကိုယ်နှိုက်ကိုယ်က လူငယ်တွေ ဖတ်ဖို့ 西游记 ကို ပြန်ချုံ့ရေးထားတာကိုး။ ဒါကြောင့် လူငယ်တွေအတွက်ကတော့ အနေတော် နေမှာပေါ့လေ။ ဒါတောင် စာမျက်နှာ ၅၀၀ ကျော်ဆိုတော့ ဘယ်လူငယ်မှ ကိုင်မကြည့်ရဲလောက်ဘူး ထင်တယ်။ ကျနော်အတွက်ကတော့ မူရင်းအတိုင်း ဖတ်ထားပြီးပြီမို့ အကျဉ်းချုပ်ကို ဖတ်ရတာ အတော် အရသာ ပျက်တယ်။ အကျဉ်းချုပ်တွေရဲ့ သဘာဝအတိုင်း အကြောင်းအရာကိုပဲ ဖော်ပြနိုင်တယ်။ အရသာအပြည့်အဝကို မပေးစွမ်းနိုင်ဘူးလို့ ဆိုရတော့မှာပဲ။ မပြောမပြီး မတီးမမြည် ဆိုသလိုပဲ ပြောစရာရှိတာတော့ ပြောရဦးမယ်။ ဒီဘာသာပြန်မူထဲမှာ ဘာသာရေးဝေါဟာရတွေကို ဘာသာပြန်ထားတာ၊ […]








